Start learning from best platform

Study any topic, anytime. explore thousands of courses for the lowest price ever!

19 Online courses

Explore a variety of fresh topics

Expert instruction

သင်နဲ့ ကိုက်ညီပြီး သင်ချင်တဲ့ သင်တန်းတွေကို ရှာပါ

Lifetime access ရရှိပါမယ်

ကိုယ် အဆင်ပြေသည့်အချိန်မှာ လေ့လာသင်ယူနိုင်

Latest blogs

VR နည်းပညာဖြင့် ပေါင်းစပ်ဖန်တီးထားသည့် ပန်းချီကားတစ်ချပ်

Created by - Tinkyar Learn

VR နည်းပညာဖြင့် ပေါင်းစပ်ဖန်တီးထားသည့် ပန်းချီကားတစ်ချပ်

ဒီ ပန်းချီကားလေးဟာ အေးချမ်းမှု နဲ့ လျို့ဝှက်ဆန်းကြယ်မှုတို့ကို VR နည်းပညာဖြင့် ပေါင်းစပ်ဖန်တီးထားသည့် ပန်းချီကားလေးဖြစ်ပါတယ်။ ဒီပန်းချီကားလေးရဲ့ လျို့ဝှက်ချက်ကို 360 VR နည်းပညာဖြင့် ဖန်တီးပုံဖော်ထားပါတယ်။ VR နည်းပညာဖြင့် ပန်းချီကားထဲကို ဝင်ရောက်လေ့လာနိုင်ပြီး လျို့ဝှက်ချက်ကို ဖော်ထုတ်ကြည့်နိုင်ပါတယ်။ VR Headset ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဝင်ရောက်လေ့လာကြည့်နိုင်ပါတယ်။ Google Cardboardတို့ Samsaung GearVR တို့လို VR  Headset တွေရှိထားရင်တော့ ပိုကောင်းပါတယ်။ လုံး၀ သီးခြားလောကတစ်ခုကို ရောက်ရှိသွားသလို ခံစားရပါလိမ့်မယ်။ VR Headset တွေ မရှိလည်း မိမိဖုန်းနဲ့ပဲ 360 degree လှည့်ပြီး အသုံးပြုလို့ရအောင်လည်း ဖန်တီးထားပါတယ်။Application Download Link for Android Phones - https://app.box.com/s/5evf686r8lxnwzml3jvo0qcc2p9bqy9y

More details

Published - Tue, 13 Sep 2022

ဒိုင်နိုင်ဆော ပရောဂျက်

Created by - Tinkyar Learn

ဒိုင်နိုင်ဆော ပရောဂျက်

Augmented Reality TechnologyAugmented Reality နည်းပညာဆိုတာ ကွန်ပျူတာဖြင့် ဖန်တီးထားသည့်  အချက်အလက်များကို ကျွန်တော်တို့ နေထိုင်ရာပတ်ဝန်းကျင်ပေါ်မှာ ပုံဖော်ပြသပေးခြင်း ဖြစ်ပါတယ်။ Augmented Reality နည်းပညာဖြင့်  ဒိုင်နိုဆောများကို ကွျွန်တော်တို့ နေထိုင်ရာပတ်ဝန်းကျင်မှာ တွေ့မြင်ရမှာပါ။ သိပ္ပံဇာတ်ကားတွေထဲက ဟိုလိုဂရမ် ပုံရိပ်လို ဒိုင်နိုဆောများကို သင့်ပတ်ဝန်းကျင်မှာ 3D အနေဖြင့် ပုံဖော်ပေးသွားမှာပါ။ ကျွန်တော်ဖန်တီးထားတဲ့ ဒီ application ထဲမှာ မကြာသေးမီက Apple ကုမ္ပဏီက ဝယ်ယူသွားတဲ့ Metaio ၏ Augmented Reality နည်းပညာကို ထည့်သွင်း တည်ဆောက်ထားပါတယ်။Virtual  Reality  TechnologyVirtual Reality နည်းပညာဆိုသည်မှာ  ကွန်ပျူတာဖြင့် ဖန်တီးတည်ဆောက်ထားသည့် လောကထဲကို ဝင်ရောက်ခြင်းပဲ ဖြစ်ပါတယ်။ VR နည်းပညာဖြင့် ကျွန်တေ်တို့တွေဟာ တခြားလောကတစ်ခု ကို ရောက်သွားနိုင်ပါတယ်။ ကျွန်တော့်ရဲ့ ဒီ applicationထဲမှာ VR နည်းပညာဖြင့် ဒိုင်နိုဆောဥယျဉ်တည်ဆောက်ထားပြီး Google Cardboard ကဲ့သို့သော VR Headset များဖြင့် ဝင်ရောက်လေ့လာနိုင်ဖို့ ဖန်တီးထားပါတယ်။ ထို့အပြင် ဒိုင်နိုဆော တစ်ကောင်ခြင်းဆီကိုလည်း 360 VR နည်းပညာဖြင့် လှည့်ပတ်ကြည့်ရှုနိုင်အောင်လည်း ဖန်တီးထားပါတယ်။ VR နည်းပညာကို အသုံးပြုဖို့အတွက် Cardboard တစ်ခုလောက်တော့ ရှိရပါမယ်။App Download Link  - https://app.box.com/s/3ro429eemp1b07k0swho3rka63zg9uub

More details

Published - Tue, 13 Sep 2022

Follower အများဆုံး TikToker ဖြစ်လာတဲ့ ခါဘီလာမဲ (Khabi lame)

Created by - Tinkyar Learn

Follower အများဆုံး TikToker ဖြစ်လာတဲ့ ခါဘီလာမဲ (Khabi lame)

အီတလီအခြေစိုက် ဆီနီဂေါနိုင်ငံသား ခါဘီလာမဲဟာ အမေရိကန်နိုင်ငံသူ ဒမ်မယ်လီယိုကို ကျော်ဖြတ်ပြီး Follower အများဆုံး TikToker ဖြစ်လာခဲ့ပါပြီ။ ပြီးခဲ့တဲ့ဗုဒ္ဓဟူးညမှာ ခါဘီလာမဲက Follower 142.9M (၁၄၂.၉ သန်း) ရှိလာခဲ့ပြီး ဒီအမ်မီလီယိုရဲ့ ၁၄၂.၃ စံချိန်ကို ကျော်ဖြတ်ခဲ့တာပါ။ (ယခု 149.5M ရှိသွားပါပြီ။ သူကျော်ဖြတ်ခဲ့တဲ့ ဒမ်မယ်လီယို ကတော့ 146.7M ရှိပါတယ်။)၂၂ နှစ်သား ခါဘီလာမဲဟာ အင်စတာဂရမ်မှာ ပို့စ်တစ်ခုတင်ရင် ဒေါ်လာ ၂၀၀၀၀ လောက် ရရှိနေပြီး သူ့ရဲ့ကြွယ်ဝမှုက အမေရိကန်ဒေါ်လာ ၁၃ သန်း ရှိတယ်လို့ CA Knowledge က ဖော်ပြပါတယ်။ Team (ရိုးရာလေး)Photo by Google

More details

Published - Tue, 13 Sep 2022

Join now to start learning

Get started

Become instructor

Join now